Wednesday, January 23, 2013

 

ကမ္ဘာခြားတဲ့ ဟက်ပီးနယူရီးယား

အနေနီးခဲ့ရဖူးပေမယ့် အဖြေမတူးမိတဲ့နှစ်ဦးသား
အခုတော့…….
ကံကွက်ကြားလို့ဝေးရပြီ
မဆုံနိုင်အောင် ကမ္ဘာတွေခြား
ကုန်နိုင်ပါ့မလား ဒီအလွမ်းတွေရယ်
သူတကာတွေအတူတွဲ တူကာမျှတဲ့ဒီည
မြူးထူးလိုအော်နေ ………….
ဟက်ပီးနယူးရီးယား ရေ……
ငါ့မှာတော့ …………………
ကမ္ဘာခြားနေတဲ့ ကြင်နာသူနဲ့
ဟက်ပီးနယူးရီးယားပြိုင်တူအော်မရ
အချိန်တွေခြားနေတဲ့ဒုက္ခ
ဒီလိုဘယ်နှစ်နှစ်
ငါတို့တွေ …….
ဆက်ဖြစ်နေအုန်းမှာလဲကွယ် ။             ။

တင်မျိုးနိုင်

No comments:

Post a Comment