Wednesday, January 23, 2013

 

မမျောချင်တဲ့ရေစုန်

စောစောစီးစီး မပြောမပီးမို့ပြော ခပ်သောသောလေးပေါ့
ရိုးတိုးရိုးတိတ်ဆိုပေမယ် စိုးတထိတ်ထိတ်ဖြစ်နေရတာမဟန်ဘူးဗျာ
တစ်ခါမှမမှားဘူးတဲ့သူဆိုတာ အမှန်လုပ်တဲ့သူမဟုတ်တာတော့ကျိန်းသေလွန်း
လူဆိုတာမှားတတ်တဲ့အမျိုး နဲနဲတော့ဆိုးခွင့်ရနိုင်ငဲ့ …………………………..
“ဆိုးဆိုးပေပေတို့တိုင်းပြည် ဆူဆူဆိုးဆိုး တို့လူမျိုး တို့တိုင်းပြည်ကိုတို့မချစ်ရင်ဘယ်သူချစ်မလဲ” တဲ့
အရက်မူးတိုင်းကြားနေကြအရက်သမားအိုစကား တို့လူမျိုးတွေတကယ်ဆိုးနေကြပြီလား
ဖြစ်နိုင်ပါတယ်လေ ဆိုက္ကားသမားလဲဆန္ဒပြ၊အလုပ်သမားတွေလဲဆန္ဒပြ၊ ကျောင်းသားတွေလည်းဆန္ဒပြ.....ဆန္ဒပြ ………. ဆန္ဒပြ ………. ဆန္ဒပြ ………. ဆန္ဒပြ ………. ဆန္ဒပြ ………. ဆန္ဒပြ ………. ဆန္ဒပြ …....
မီဒီယာတွေကလည်းဖွ ၊ ဟိုလူကလည်းဖွ ၊ ဒီလူကလည်းဖွ
…..ဖွ…….ဖွ …..ဖွ. …..ဖွ…….ဖွ …..အားလုံးဖွကြ
ဒီမိုကရေစီဆိုတာ အခွင့်အရေးအတွက်သာမဟုတ်… တာဝန်ယူမှု့လည်းရှိတယ်ဆိုတာသိနိုင်ခဲကြလွန်း
ကိုယ်စီတာဝန်ကျေပွန်ခဲ့ကြရင် …… နောက်ကြောင်းပြန်မလှည့်ကြရင် အပြန်အလှန်နားလည်ယုံကြည်မှု့တွေကို တည်ဆောက်နိုင်ခဲ့ကြရင် လိုအပ်ချက်နဲ့ရပိုင်ခွင့်ကိုကွဲကွဲပြားပြားသိထားကြရင် နိုင်ငံရေးမှာရန်သူမရှိ မိတ်ဆွေတွေသာရှိခဲ့ရင် … ကျွန်တော်တို့အဆင်ပြေသွားနိုင်ပါတယ် ယုံကြည်ချက်ဆိုတာထက် ယုံကြည်သင့်တာကိုဦးစားပေး မတူတာတွေကိုပေါင်းစည်း အားအင်တွေအဖြစ်ပြောင်းလဲ ကျွန်တော်တို့ဘာကြောင့်မဖြစ်နိုင်ရမှာလဲ ဒေသတွင်းကနိုင်ငံရေးဂယက်များ လှိုင်းတံပိုးအဖြစ်ပြောင်းသွားရင် မိတ်ဆွေ….ကျွန်တော်တို့စစ်အုပ်ချုပ်ရေးမှာရေစုန်ထပ်မျောကြရအုံးမယ်ကွယ် ။            ။

တင်မျိုးနိုင်

 

မြန်မာ့နွေဦး

လွန်ခဲ့သောနှစ် နှစ်ဆယ်ကျော်ကတည်းက
ကမ္ဘာသူကမ္ဘာသားတွေနဲ့ အလွှာမတူတံတိုင်းတွေခြားခဲ့ရ
ငါတို့မှာ လှိုင်းတွေသိပ်များခဲ့တယ်
အခုတစ်ဖန်ဆက် လှိုင်းတွေကမပျက်
မြစ်ဆုံလှိုင်း
ကချင်လှိုင်း
ရခိုင်လှိုင်း
မုံရွာလှိုင်း
လှိုင်း ………..လှိုင်း …………..လှိုင်း ………………. လှိုင်း

အပြင်း ၊ အပျော့ဝါဒတွေအကြား အဆင်းဘီးချော်သွားခဲ့ရင်
ငါတို့ရဲ့နွေဦးမှာ သံလွင်ခက်တွေညှိုးခြောက်သွားခဲ့နိုင်ရဲ့
အပြောင်းအလဲတွေနဲ့ရှေ့ကိုဆက်
ပွင့်လင်းလွပ်လပ်တဲ့လူ့အဖွဲအစည်
ကိုယ်ကိုကိုယ်ထိန်းညှိဖို့ အရေးကြီးလွန်းတယ်
အကျင့်ပျက်ခြစား ကမ္ဘာမှာငါတို့က အဆင့်ငါးတဲ့
မြန်မာ့ဘောလုံးအဆင့်ထက်သာနေတာ
ငါ … ၀မ်းနည်းမိတယ် ။                  ။

တင်မျိုးနိုင်

 

အချိန်ယန္တရားအလည်မှားခြင်း


ရုတ်ရုတ် ရုတ်ရုတ်နဲ့ခင်ဗျားတို့ဘယ်ကိုသုတ်နေကြ လုပ်နေကြတော့မဟုတ်သလို
သုတ်သုတ်စား သုတ်သုတ်သွား ဒါ ခင်ဗျားတို့ယဉ်ကျေးမှု့များ လိုက်ရင်းနဲ့မမှီနိုင်ခဲ့
အရှေ့ကိုရောက်သလောက် အနောက်နဲ့ကွာဝေး ခင်ဗျားတို့ဘယ်အထိပြေးနိုင်ကြမလဲတွေး
ဟုတ်ကဲ့ စိတ်တော့နဲနဲထွေမိတယ်ဗျာ စိတ်တော့မရှိပါနဲ့ ကျွန်တော်လေနည်းနည်းလည်မိ
အရှေ့နဲ့အနောက်တကြောမေ့ပျောက်ကာမျောရင်းနဲ့မျှော လွန်ပါစေတော့လေ ပြန်ပြန်ကာတွေးမိရင်မော
လွန်ပါစေအဝေးညတကြောမှာ ကြော်ငြာတွေဝင်ဝင်လာတော့ ဆိုးတယ်ဗျာ
မှန်ပါစေတော့ကွယ် ပြန်လေသည့်ငှက်ခါး နားချင်မှနားပေါ့ ခင်ဗျားမှားချင်လည်းမှားနိုင်ပါတယ်
အတွေးလွန်လူသားတစ်ယောက် ကမ်းမမြင်လမ်းတွေပျောက်ရရင် ခင်ဗျားအလွန်ဖြစ်သွားနိုင်ငဲ့
အမှားတွေများတဲ့ကမ္ဘာမှာ လမ်းတွေခါးတတ်တယ်ဆိုတာ ခင်ဗျား ခဏနေသိလာမှာပါ
ကိုယ်လေးလက်ဝန်နဲ့ကမ္ဘာကြီး တို့တွဲလက်တွေမညီတော့ဘူးဆိုရင် အငိုတေးတွေသီကြွေးကြတာပေါ့
ပေါ့ပေါ့ပါးပါးနဲ့တွေး ခင်ဗျားအခုစားနေလိုက်တာ ကျွန်တော်ရဲ့နာရီများစွာ
ဝေးဝေးပြေးကာသွားခဲ့ပေမယ် တဖြေးဖြေးနီးသွားတဲ့ ကျွန်တော်တို့ရဲ့နေ့ညများ
တလိမ့်လိမ့်ရယ်ပေါ့ ။               ။

တင်မျိုးနိုင်

 

ကမ္ဘာခြားတဲ့ ဟက်ပီးနယူရီးယား

အနေနီးခဲ့ရဖူးပေမယ့် အဖြေမတူးမိတဲ့နှစ်ဦးသား
အခုတော့…….
ကံကွက်ကြားလို့ဝေးရပြီ
မဆုံနိုင်အောင် ကမ္ဘာတွေခြား
ကုန်နိုင်ပါ့မလား ဒီအလွမ်းတွေရယ်
သူတကာတွေအတူတွဲ တူကာမျှတဲ့ဒီည
မြူးထူးလိုအော်နေ ………….
ဟက်ပီးနယူးရီးယား ရေ……
ငါ့မှာတော့ …………………
ကမ္ဘာခြားနေတဲ့ ကြင်နာသူနဲ့
ဟက်ပီးနယူးရီးယားပြိုင်တူအော်မရ
အချိန်တွေခြားနေတဲ့ဒုက္ခ
ဒီလိုဘယ်နှစ်နှစ်
ငါတို့တွေ …….
ဆက်ဖြစ်နေအုန်းမှာလဲကွယ် ။             ။

တင်မျိုးနိုင်

 

နံရံကြားကတေးသွား

အသာအယာတွေးကြည့်လိုက်တော့ ငါတို့လိုက်တဲ့ရွှေသမင်
ဟိုလမ်းဝင်ဒီလမ်းထွက် ဒီအကွက်တွေကရိုးလွန်းလှပါတယ်
အသစ်အဆန်းဆိုတာ အချစ်ခန်းတွေပါပါမှဆိုရင်
ငါတို့ဒီလမ်းကိုဝေးလိုက်ကြပါမယ်
လွင့်လိုရာသို့လွင့်မျော ကမ်းနဲ့ဝေးတဲ့တိမ်တွေလိုမျောနေခဲ့ပေါ့
ဆင်သွားရင်လမ်းဖြစ်တတ်ပါတယ်
ခင်ဗျားသွားရင်ကော ဘာဖြစ်မယ်ထင်ပါသလဲ
ဘာပဲဖြစ်ဖြစ်အထာနဲ့ချစ်ဖို့တော့ကောင်းပါတယ်
အလွှာအထပ်ထပ်နဲ့ပန်းလို တစ်လွှာခြင်း တစ်လွှာခြင်းပေါ့
ခဏခြင်းတော့ဘယ်ဖြစ်နိုင်မလဲလေ
တစ်ခဏအတွင်းမှာပွင့်သွားတဲ့လမ်းဆိုတာ
ရေရှည်မှာတိုရည်ရှားရည်ရယ်ပါ
ဒါကိုခင်ဗျားသိပါတယ်
ညစ်ကျယ်ကျယ်အတွေးတွေနဲ့
လစ်နေရင်ဖယ်လိုက်ပါဗျာ
ရင်ထဲမှာရှင်းသွားအောင် စဥ့်ကူးအဆောင်နံရံအကြား
ကံကူလက်လှည့်များရဲ့ စေညွှန်းတေးသွားကို
ဘယ်သူမှမကြားအောင်
တိုးတိုးလေးရွက်ဆိုကြပါစို့
ညီညီညာညာလေးပေါ့ဗျာ ။            ။

တင်မျိုးနိုင်

 

ဆုံချက်ဆီသို့ဆုတောင်းခြင်း

ယောင်ယောင်ကန်းကန်းအတွေးတွေနဲ့ ကြောင်တောင်ကန်းနေသလိုမျိုး
တောင်စမ်းမြောက်စမ်းလုပ်ကြရအောင်ဗျာ
ထိပ်ပိုင်းကနည်းနည်းမာနေတော့ အောက်လိုင်းကနည်းနည်းလျှော့
မြောက်ပိုင်းကတော့နည်းနည်းထန်နေပြီ ………….
အနောက်တလွှားကကျူးကျော်သူများနည်းနည်းတော့ငြိမ်နေသလို
ရှေ့တိုးမယ့်ဆင်နောက်တစ်လှမ်းဆုတ်သလိုများ
ဒါ.. ကျွန်တော်သံသယများတာပဲဖြစ်ပါစေေ
အကြံသမားဆိုတာဟန်တော့အများသားဗျ
ကျန်တော့ကျန်နေသေးပါတယ် အဆန်နည်းနည်းချောင်သူတို့
အပြန်နည်းလမ်းမှန်ပါစေလိုသာ ဆုတောင်းရင်း
လက်ပံတန်းတောင်ဇာတ်မှာ ငှက်ခါးရောင်းတွေထထနေတာ
စိုးရိမ်နေမိခဲ့ …..နောက်ပြန်မလှည့်ပါနဲ့ဒီမိုကရေစီရယ်…..
အမြောက်မှန်ရတဲ့ ငှက်လိုအောက်ပြန်မကျကြေးလေ..
တို့တွေထောက်ခံကြပါစို့ ……………………………..
ဟိုမှာလည်းကွန်ရက်…ဒီမှာလည်းကွန်ရက် ………….
သွန်ချက်တွေကတော့ လန်ထွက်နေအောင်
တို့တတွေ..ဆုံချက်မမှားဖို့လိုနေပြီကွယ်
လိုအပ်ရင်ဘုံထွက်လိုက်ကြပါစို့
ငါတို့အားလုံးရဲ့ဆုံချက်ဆီသို့ …
ပုံမပျက်လေးပဲရောက်နိုင်ခဲ့ရင်
ကျွန်တော်တို့ဆုတောင်းပြည့်ပါပြီ ။ ။

တင်မျိုးနိုင်

 

ခရီးသည်တစ်ယောက်

အသက်အရွယ်အလိုက် လူတွေရဲ့တန်ဖိုးထားမှု့ဟာကွာခြားရွေလျားတတ်လွန်း
ငယ်ငယ်ကတန်ဖိုးထားမြတ်နိုးခဲ့တဲ့အရာတွေဟာ ကြီးတော့လည်းလျော့ပါးသွားသလို
ဒုက္ခနဲ့အခက်အခဲဆိုတာတွေက တစ်ချိန်ကျတော့ဟာသတွေပြန်ဖြစ်နေခဲ့
လောကမှာမိတ်ဆွေစစ်တွေရှားရှားလာနေတဲ့အကြား
ရှင်သန်ရပ်တည်ခြင်းတွေဟာနည်းနည်းတော့ခါးလာမိတယ်
ဘ၀ကပေးတဲ့ဒဏ်ရာသင်ခန်းစာတွေအကြာ
ခန္တီစတရားကိုလက်ကိုထားဖို့ ကိုယ့်ကိုကိုယ်အားတင်းရတာ
တခါတလေလည်းခြေကုန်လက်ပန်းကျချင်နေမိခဲ့
ဒါပေမယ့်ငါအားတင်းထားပါတယ်
လောကဓံတွေရဲ့အကြားမှာသောတပန်တွေရှားနေတဲ့အကြောင်း
တရားသင်ခန်းစာတွေမှာ ငါတွေ့လိုက်မိပါတယ်
အဖြစ် ၊ အပျက် သိမှတ်သေချာ သေချာရှုမှတ် ၀င်ထွက်ဒီလေ
မလျော့မတင်း မပျင်းမရိ သတိရှိဖို့ လူးလွန့်ကြိုးစား ရှုမှတ်ငြားလည်း
သိနိုင်ခက်ခဲ သိမှု့နဲသည် ငါ့ ကို ငါ ထင် ငါ ပဲ မြင်ခဲ့
လွတ်လမ်းမမြင်တဲ့ဒီလမ်းစဉ်မှာ ငါလျှောက်ရမည့်ခရီး မနီး … မနီးပါတကား ။            ။

တင်မျိုးနိုင်

 

ဆန္ဒပြုခြင်း

မီဒီယာလွတ်လပ်ခွင့်ဆိုတာ ထင်ရာမြင်ရာရေးခွင့်/ပြောခွင့်ပါလား
စင်တင်ကာကောက်ခံရဖို့ ကိုယ်သန်တာကိုယ်တွေးကြရင်
ရေပေါ်ဆီဆရာသမားတို့ လေပေါ်မှာတိုင်းပြည်တည်ဆောက်ကြပါစို့
မီဒီယာကျင့်ဝတ်ဆိုတာ လူရှိန်ရုံထုတ်ထားတာမဟုတ်တာကျိန်းသေပါတယ်
တစ်ယောက်ကိုအမြင်တစ်မျိုးနဲ့ အမယ့်ဘုတ်ရဲ့သူချည်ငင်ဖြစ်နေကြရင်
ပန်းတိုင်ကိုလှမ်းကိုင်ဖို့ ဝေးသွားမှာစိုးရိမ်နေမိ
သူဆရာ ကိုယ်သဘာတွေခွဲမနေပဲ
တစ်ခါလောက်တော့ညီညွတ်လိုက်ကြပါစို့ဗျာ
ခက်ခက်ခဲခဲဆိုပေမယ့်ကြပ်ကြပ်တည်းတည်းတော့မဟုတ်ပါဘူး
သုတ်သုတ်သွားသုတ်သုတ်စား သုတ်သုတ်နားပေါ့
ဒါပေမယ့်ပြုတ်ပြုတ်သွားတဲ့ကျောရိုးဆစ်များလို
တဖြုတ်ဖြုတ်ဖြစ်နေတာကတော့ရင်နာတယ်ဗျာ
ထင်ထင်ရာအတွေးတွေနဲ့မြင်မြင်ရာရေးနေကြရင်
ဆန်စင်ရာကျည်ပွေ့လိုက်ဖို့တော့ခက်လိမ့်မယ်
ပြန်ပြင်စရာတွေများပေမယ် သံစဉ်တွေများနေရင်
တီးလုံးတောနည်းနည်းရှုပ်လိမ့်မယ်
အမှန်မြန်မြန်မြင်နိုင်ကြပါစေဗျာ ။              ။

တင်မျိုးနိုင်

နောက်ဆုံးလက်ကျန်လေးမမော့မှီ
=======================
လေလှိုင်းကြားမှာဆိုပေမယ့်
တွေ့တိုင်းခါးခါးနေမိခဲ့
ကိုယ်တို့နေတိုင်းမှားနေမိတာ ဘာကြောင့်ပါလဲ
နစ်နစ်နာနာမဟုတ်ပေမယ့်
တဆစ်ဆစ်နာကျင်နေတာတော့ဆိုးတယ်ဗျ
ပြန်ပြန်တွေးမိလေတိုင်း
မှန် … မမှန် …သွေးလေရိုင်းရိုင်းသွားခဲ့
တ၀ုန်းဝုန်း …. တဒိုင်းဒိုင်းနဲ့ပေါ့ဗျာ
ဒီမုန်တိုင်းထဲမှာ
နင်က … လှိုင်းဖြစ်နေတာ
ငါ …. ကံဆိုးသွားတယ်
ဆက်လက်ထွက်ခွာလိုပေမယ့်
တဖက်သတ်ပစ်ခွာလိုသူအတွက်
မတတ်သာခပ်ခွာခွာဆိုသလို
ဖုတ်ဖက်ခါ နှုတ်ဆက်ခဲ့ရပေါ့
အားလုံးသက်သက်သာသာနေကြပါဗျာ
အဆုံးတွေ ဆိုးရင်
အဆိုးတွေလည်း ဆုံးသွားမှာပါ
အချိန်လေးနည်းနည်းသုံးမယ်ဆို
အစုန်လေးပြီးရင် အဆန်လေးလာစေ့ပါမယ်
မြန်တာ မမြန်တာလေးပါပဲ
ကျွန်တော်ကတော့ ကျန်တာလေးမော့ပြီး
ပြန်တော့မယ်ဗျာ ။               ။

တင်မျိုးနိုင်

 

ရာစုလွန်နှလုံးသား

မျှော်လင့်ချက်နဲ့ရှင်သန်တာမဟုတ်ပေမယ့်
အတော်ရင့်နေတဲ့ နေမြင့်ခြင်းများ
ရိုးရိုးသားသားဆိုနေပေမယ့် ဆိုးဆိုးရွားရွားတုန့်ပြန်ချင်းများ
ကုန်းကောက်စရာမရှိအောင်ရှားနေတဲ့မေတ္တာတရားဟာ
နှစ်ဆယ့်တစ်ရာစုမှာမှ အခါးဆုံးဖြစ်နေရ
တခေတ်တစ်ခါဆိုသမျှလှစ်ကာပြရရင်
အချစ်ဆိုတာတော်တော်နားလည်ရခက်တဲ့အရာမျိုး
အထူးသဖြင့်ဒီဘက်ခေတ်မှာ
ဆန်းပြားတဲ့နားလည်မှု့များနဲ့
အံ့သြဖွယ်ရာစွန့်လွှတ်ခြင်းများ
လူသားဆန်မှု့ဆိုတာပြဇာတ်တစ်ပုဒ်လိုဖြစ်နေရတဲ့အခိုက်မှာ
ဘ၀ဆိုတာရှင်သန်ဖို့ထက် ပြင်နိုင်ဖို့ကခက်ခက်နေခဲ့
သဘောတရားဆိုတာထက် အပြောသမားတွေခေတ်စားလာနေခဲ့
ခင်ဗျား ... တောလားတွေရပ်လိုက်ပါတော့ဗျာ
ပြောပြောဟောဟော တသောသောနဲ့ရယ်ပွဲဖွဲ့
တတောလုံးကြွေ တစ်ပွင့်ပဲကျန် အမြစ်သာကျန်တဲ့အမှန်တရား
ခင်ဗျားအတွက်နည်းနည်းခါးနိုင်ပါတယ်
ဒါပေမယ့် ...ဒါအမှန်တရားပါဗျာ ........ လက်ခံလိုက်ကြပါစို့
လက်ကျန်ထားမနေပါနဲ့ ..... တစ်သက်စံသွားရအောင်
ထီလက်မှတ်အကျန်မှမဟုတ်တာဗျာ ....
အပြုတ်နှံလိုက်ကြပါစို့  နောက်တခါပြန်မလာနိုင်ကြေး
မေတ္တာလမ်းတွေဖြတ်လိုက်ကြရအောင် ...........................
အစစ်တွေသာပေးချင်ပေမယ့် အပြစ်မြင်မြင်နေတာကြောင့်
ငါ့ရင်မှာတော့တဆစ်ဆစ်နာကျင်နေခဲ့ရပေါ့
အသစ်ပြင်မနေတော့ပါဘူး ရာစုနဲ့ချီနောက်ကျနေတဲ့ငါ့အချစ်
နောင်လာနောက်သားတွေအတုယူရှောင်ရှားရအောင်
ဟောင်းနေတဲ့အသစ် ထောင်းထောင်းကြေစေတော့ရယ်
ဟောင်းလောင်းပွင့်နေတဲ့ဒီရင်ဘတ်မှာ နှလုံးသားတစ်ခုမပါတာ
နှေင်းလူတို့သတိမပြုစေရ ဒါ တောင်းဆုတစ်ခုတောင်ဖြစ်နိုင်ပါတယ်
အလေးဂရုပြုစရာမဟုတ်ပေမယ့် အတွေးတုတစ်ခုမဟုတ်ခဲ့ကြောင်း
ဆွေးရတုတွေလှိုက်ခုံမောရစေ့မယ်ကွယ်
ကဲ.....ကဲ....အားလုံးအလေးပြုကြရအောင်ဗျာ ။                   ။

တင်မျိုးနိုင်


Monday, January 21, 2013


သည်ခေတ်ချိန်ခါ
===========
မင်းခစားကမ်းနားသစ်ပင် လင်းတနားတာတောင်အတိတ်မျိုးစုံကောက်တဲ့ခေတ်မှာ
ခရိုနီတွေသိပ်ခေတ်စားလာတယ်ဗျာ …. ဟိုဝန်ကြီးလည်းပြုတ် …. ဒီဝန်ကြီးလည်းဖြုတ်
စုံစမ်းစစ်ဆေးရေးကော်မရှင်တွေသိပ်များတဲ့ခေတ်မှာ .. စားစား သွားသွား သတိသာထားပေရော့
နေ့ မြင် နေ့ပျောက် ည မြင် ည ပျောက် သိပ်ကြောက်စရာကောင်းတဲ့ခေတ်ကြီး
တဖြီး နှစ်ဖြီး နဲ့ အပြီးဆော် … ကိုယ်ပေါင်ကိုယ်လှန်ထောင်း
တစ်သာင်းဗိုလ်ခြေ ညက်ညက်ကယ်ကြေစေတော့
မပြောင်းဒီအခြေ အောက်လက်ငယ်ကြုံရလေရဲ့
ပြောင်းကြပါအုန်းလေ သူ့ရာသီနဲ့သူ့အသွေး
ဝံပုလွေတွေတောင် ဒေါင်းယောင်ဆောင်ကြပေါ့
ပြောင်းတော့ပြောင်းလဲနေကြ အဟောင်းတွေကိုအဟောင်းတွေနဲ့အစားထိုး
အက်ကြောင်းတွေထပ်ထပ်နေရတာ စိတ်မကောင်းပါဘူးဗျာ

ဆူဆူညံညံအတွေးတွေနဲ့ တူတူတန်တန်လေးရေးချင်တာပါ
ဒါပေမယ့် မတူမတန်ဘူးထင်လဲရပါတယ်
ကမ္ဘာမှာ ဆူဒန်တောင် တောင်မြောက်ငြိမ်းချမ်းရေးရသွားပါပြီ
ကျွန်တော်တို့မှာသာ မြောက်ပိုင်းကဆူညံ ဆူညံ အနောက်ပိုင်းက ပူညံညံ

တောင်းတော့တောင်းဆိုနေကြ စစ်ပွဲတွေ ဘာတွေရပ်ကယ်ပေါ့
တခါတလေလည်း ဘယ်သူတွေက ဘာတွေကို ဘယ်သူ့အတွက် ဆန္ဒပြတောင်းဆိုနေတယ်ဆိုတာ
နားလည်ဖို့ခက်ခက်နေခဲ့ စားတာတော့မဟုတ်ပါဘူးဗျာ နဲနဲတော့များနေသလိုပါပဲ
ဆိုခဲစေမြဲစေဖို့အတွက် ကိုယ်လည်းလေ လောကီသားပေမို့
ပိုတဲ့အခါလည်းပို လိုတဲ့အခါလည်းလိုပေမပေါ့ …
ဒါပေမယ့်ဆိုတတ်ရင် သီချင်းဖြစ်ပါတယ် လိုအပ်ရင်တော့ခေါ်လိုက်ပါဗျာ
ပြိုအက်နေတဲ့အတွေးတွေနဲ့ အစစ်တွေရစေရပါမယ်
ခင်ဗျား နည်းနည်းငိုတတ်ဖို့လိုတာပေါ့ဗျာ….
အားလုံးတော့ပြီးဆုံးသွားပါပြီ …………………..
သကြားလုံးတွေစားတဲ့ခေတ်ကနေ အများသုံးတွေပေါလာတဲ့ခေတ်မှာ
ခင်ဗျားပြုံးပြုံးနေတာ ကျွန်တော်သတိထားမိပါတယ်…..
အင်အားသိပ်မသုံးပါနဲ့ဗျာ … သစ်တစ်တောလုံးခုတ်ရင်ထောင်မကျတဲ့ခေတ်မှာ
ထင်းသွားကောက်မိသူရဲ့အမှားလို တစ်ဘ၀စာဆွေးမနေပါနဲ့
မုသားဖြူသုံးတာမဟုတ်ပေမယ့် ခဏနေအားလုံးကောင်းသွားတော့မှာပါ
မကြာ မှီရင်တော့ လာမည်ဖြစ်တာမို့
ကဲ မေဓါဝီရေ ……………………..
ရေခပ်လေးဆင်းလိုက်ပါအုန်းကွယ် ။ ။

တင်မျိုးနိုင်



In: ကဗျာ Posted By: Tin Myo Naing Date: Jan 18, 2013